  VK  ..  VK  ..

ဖေ့ဘွတ်ခ်မှာ အဘမ်းခံရလို့ VK ပြောင်းသုံးတာလည်း သုံးပေါ့.. ဒါပေမယ့် VK ဟာ နာမည်ပျက်ကြီး..
နမူနာဆို ဖေ့ဘွတ်ခ်က ၁၈+ ဇာတ်ကားတွေဆို ဖျက်ပစ်လို့ ကလေးတွေအတွက်လုံခြုံပေမယ့် VK မှာက အပြာကားအစုံရှိတယ်.. ဗမာတွေ ပြောင်းကြပြီဆိုတော့ ဗမာအပြာစာပေတွေလည်း တနင့်တပိုး အဲ့ဝက်ဘ်ဆိုက်မယ် ပေါ်လာဦးမှာ.. အရွယ်ရောက်ပြီးလို့ တကူးတက တခါတလေ ကြည့်တာကို မှတ်ချက်မပေးလိုပေမယ့် ဒါမျိုးကို အားပေးတဲ့ ဝက်ဘ်ဆိုက်မယ်တော့ မရှာလည်း မြင်နေဖို့ကများတော့ မိဘတွေ လူကြီးသူမတွေ သတိထားကြပေါ့.. VK ဟာ ဘယ်လိုဝက်ဘ်ဆိုက်လဲဆိုတာ ဒါတွေက Google တစ်ချက်ခေါက်ရုံနဲ့ ပေါ်ပါတယ်.. 

အို အညှီအဟောက်လည်း ဘာဖြစ်လဲ ဘာဖြစ်လဲ၊ ညှီလေကြိုက်လေပဲဆိုရင်လည်း အညှီသမားတွေအနေနဲ့ ထပ်သတိထားသင့်တာက VK ရဲ့ private message တွေ အကြောင်းပဲ.. ဖဘက ဒေတာရောင်းစားတယ်ဆိုပြီး အမေရိကလွှတ်တော်မယ် မတ်ဇူကာဘတ်အကင်ခံရတော့တောင် အဲ့ message box privacy မယ်ကျ ငနဲသားက အပြစ်လွတ်တယ်.. ပြီးတော့ ဖဘက အခုထိ အုံလိုက်ကျင်းလိုက် အဟက်ခ်ခံရလို့ ဒေတာတွေ ပါတယ်ဆိုတာ မကြားဖူးသေးဘူး.. VK ကတော့ ၂၀၁၃ မှာ သုံးစွဲသူ ၈၄%ရဲ့ ကိုယ်ရေးအချက်အလက်တွေ Hack ခံရတဲ့အပြင် ၂၀၁၆ မှာ hacker က အဲ့ဒါတွေကို dark web marketplace မှာ ရောင်းစားလိုက်တယ်.. ကိုယ့်အချက်အလက်တွေ ဘယ်လိုပွပွ ဘယ်လိုမှ မနေပေါင်ဆိုရင်တော့လည်း သဘောပါ..
from myanmar24

Comments

Popular posts from this blog

 () 

  Oppo Realme 2