    

ေန ့စဥ္ေန ့တိုင္းပိုက္ဆံစုႏုိင္ဖို ့ နည္းလမ္းအသြယ္သြယ္


new year ညေရာက္တိုင္း ကိုယ္ေတြေတာင္းေလ့ရွိတဲ့ ဆုက ပိုက္ဆံမ်ားမ်ားရွာႏိုင္ၿပီး စုမိႏိုင္ပါေစေပါ့ ။ ဒါေပမဲ့ တကယ္တမ္း ဝယ္ခ်င္ စားခ်င္ ဝတ္ခ်င္ ဆိုတဲ့ ခ်င္ ၃ ခ်င္ စုလာတဲ့အခါ ကိုယ့္ရဲ႕ ဆုေတာင္းေလးက ေလထဲလြင့္ပါသြား ျဖစ္ျဖစ္သြားတယ္။ ေယာင္းတို႔ထဲမွာလည္း ငါေတာ့ ပိုက္ဆံေလး ဘာေလးစုဦးမွ ဆိုၿပီး ေတြးေနတဲ့လူေတြလည္း ရွိမွာပါ။ အေတြးပဲရွိၿပီး လက္ေတြ႕အေကာင္အထည္ေဖာ္လို႔ မရေလာက္ေအာင္ လကုန္ရင္ လက္ထဲမွာ သားေရကြင္းပဲ က်န္ေတာ့တဲ့လူေတြလည္း ရွိမွာေပါ့။ ငယ္ငယ္ကေတာ့ ရသမွ်မုန္႕ဖိုးေလးေတြကို စုဗူးေလးထဲ ေျပးေျပးထည့္ေပမဲ့ အခုအခ်ိန္မွာ စုဗူးမေျပာနဲ႕ ပိုက္ဆံအိတ္ထဲမွာေတာင္ ေျပာင္လို႔။ ဒီေတာ့ အိမြန္က ေန႕တိုင္း ေန႕တိုင္းမွာ ပိုက္ဆံစုႏိုင္ဖို႕ နည္းလမ္းေကာင္းေလးေတြ ေဝမွ်ေပးမယ္ေနာ္…
၁။ ခရီးစဥ္တစ္ေၾကာင္းသြားမယ္ဆိုရင္ YBS ဘယ္လိုစီးမယ္ဆိုတာ ႏွစ္ခါေလာက္ စဥ္းစားပါ
တစ္ေနရာရာကို ခ်ိန္းၿပီလို႔ ဆိုလိုက္ရင္ အဲဒီကို ေရာက္တဲ့ လိုင္းကားဘယ္လိုစီးရမယ္ ဆိုတာ ေသခ်ာေလ့လာလိုက္ပါ။ အဲဒီေန႔က်မွ ေမးျမန္းၿပီး စီးလိုက္မယ္ေတာ့ မလုပ္နဲ႔ေနာ္.. တကၠစီနဲ႔ ညားဝါးေမ :3 Google Map မွာ တည္ေနရာလမ္းေၾကာင္းရွာၿပီး YBS လမ္းေၾကာင္းကို ႏွစ္ခါေလာက္ ေသခ်ာၾကည့္ရမယ္။ ကားမွားစီးမိတာမ်ိဳး ျဖစ္သြားရင္ တကၠစီနဲ႕ ဒိုးလိုက္ရေတာ့ ပိုက္ဆံကုန္တာေပါ့။ တစ္ဆင့္တည္းနဲ႕ေရာက္တဲ့ေနရာမ်ိဳးကို သံုးဆင့္ေလာက္ပတ္စီးမိလိုက္လို႕ ကုန္က်ေငြလည္း မရွိေတာ့ဘူးေပါ့။
၂။ ညစာကို ကိုယ္တိုင္ခ်က္ျပဳတ္စားပါ
မိဘေတြနဲ႕ အတူေနသူေတြအတြက္က ဗိုက္ဆာရင္ အိမ္က ဟင္းအိုးေတြကို လွန္ေလွာ စားေသာက္လို႕ ရေပမဲ့ မိဘနဲ႕ေဝးေနရသူေတြအတြက္ အျပင္ဆိုင္ေတြကသာ အေမ့အိမ္ပါပဲ။ ရံုးကေနျပန္လာတဲ့အခါ ေမာေမာပန္းပန္းနဲ႕ မခ်က္ခ်င္ေတာ့တဲ့အတြက္ ညစာကို အျပင္ကေနဝယ္စားတာမ်ားပါတယ္။ ပင္ပန္းတာ သက္သာတယ္ဆိုေပမဲ့ ကိုယ့္စိတ္ႀကိဳက္ ခ်က္စားတာေလာက္ေတာ့ သန္႕ရွင္းမႈ မရွိသလို တန္လည္း မတန္ပါဘူး။ အိမ္မွာ ညဘက္ခ်က္စားေတာ့ အကုန္အက် သက္သာသလို ေနာက္တစ္ေန႕ ရံုးသြားတဲ့ အခါ ထမင္းခ်ိဳင့္ထည့္စရာ အဆင္သင့္ ျဖစ္သြားတာေပါ့။
၃။ ေဆးေၾကာၿပီး ျပန္သံုးလို႕ရတဲ့ ေရဘူး ဝယ္ထားပါ
ေရဆာလာတဲ့အခါ ေရသန္႕တစ္ဘူးေပးပါ ဆိုၿပီး အလြယ္ေလးမွာတတ္တဲ့လူဆိုရင္ေတာ့ ဒီေန႕ကစၿပီး အဲဒီအက်င့္ေလး ေဖ်ာက္ေနာ္။ အိမြန္လို သြားေလရာ ေရဘူး သယ္မသြားခ်င္တဲ့ လူမ်ိဳးကေတာ့ ဆိုင္ေတြ႕တာနဲ႕ ေရသန္႕ ေျပးဝယ္ ေသာက္လိုက္တာပဲ။ အဲဒီေတာ့ အိမ္ကေန ေဆးေၾကာၿပီး ျပန္သံုးလို႕ရတဲ့ ေရသန္႔ဘူးသာ သယ္သြားခဲ့ရင္ ဒီလို တစ္ခါသံုးေရသန္႔ဘူးေတြအတြက္ အပိုေငြ သက္သာမွာ အမွန္ပါပဲ။
၄။ ဘားမသြားခင္ အိမ္က နည္းနည္း ေသာက္သြားပါ
ဒါမ်ိဳးက အထူးသျဖင့္ ေယာက်္ားေလးေတြမွာ ျဖစ္တတ္ပါတယ္။ စားေသာက္ဆိုင္သြားမယ္၊ ေသာက္မယ္ ။ သူငယ္ခ်င္းေတြနဲ႕ အလုပ္သေဘာအရ ေတြ႕မယ္ ေသာက္မယ္ ပြားမယ္။ ဒီလိုဆိုေတာ့ ဘားမွာ ပိုက္ဆံအကုန္ခံၿပီး အမ်ားႀကီးေသာက္မယ့္အစား ဘားမသြားခင္ အိမ္ကေန နည္းနည္း ေသာက္သြားပါ။ ဘားေရာက္ေတာ့ အလွေသာက္ၿပီး ပိုက္ဆံေျခြတာေပါ့ေနာ္။ ရတယ္ အိမ္ကေန ေသာက္စရာမလိုဘူးဆိုလည္း ဟိုေရာက္ေတာ့ စိတ္ထိန္းႏိုင္ေအာင္ ႀကိဳးစားေပါ့….
၅။ မီးေခ်ာင္းေတြ air-con ေတြပိတ္ဖို႕ အၿမဲတမ္း သတိရပါ
ဒါေလးေတြက ေသးေသးမႊားမႊား ကုန္က်ေငြလို႕ ထင္ရေပမဲ့ တကယ္တမ္း လကုန္လို႕ ကုန္စရာေတြ မ်ားလာခ်ိန္မွာ မီတာခေတာင္းခံတဲ့ စာရြက္ကိုလည္း ျမင္ေရာ မ်က္လံုးေတြ ျပဴးသြားရတာမ်ိဳး မျဖစ္ဖို႕ လိုပါတယ္။ အိမ္ကေန အခန္းထဲကေန အျပင္ထြက္ဖို႔ ႀကံတိုင္း မီးပိတ္ဖို႕မေမ့ပါနဲ႕။
၆။ အသံုးမလိုေတာ့တဲ့ ပစၥည္းေတြတင္ေရာင္းပါ
ကိုယ့္အတြက္ အသံုးလည္းမလိုေတာ့ဘူး ဒါေပမဲ့ အေကာင္းအတိုင္းလည္း ရွိေနေသးတယ္ဆိုတဲ့ ပစၥည္းေတြကို ျပန္ေရာင္းပစ္ပါ။ ခုဆို Facebook မွာလည္း Group ေတြေပါတယ္ေလ.. အဲဒီ Group ေတြမွာ တင္ၿပီး ေရာင္းသူ ၊ ဝယ္သူခ်ိတ္ဆက္လိုက္ရင္ အိတ္ထဲမွာ အပိုဝင္ေငြရတာေပါ့ ဟုတ္ဘူးလား?
၇။ discount ခ်တဲ့အခ်ိန္ေျပးဝယ္ပါ
ကုန္တိုက္ေတြမွာ ဆိုရင္ အခါႀကီး ရက္ႀကီးနား နီးတဲ့အခါ သီတင္းကၽြတ္ ၊ တန္ေဆာင္တိုင္ ၊ သၾကၤန္ ဒီလိုအခ်ိန္ေတြမွာ sales ေတြက ရွယ္ခ်တာေနာ္။ ဒီလိုအခ်ိန္မွာ ကိုယ္ဝယ္ခ်င္တာကို စာရင္းေလးႀကိဳလုပ္ထားၿပီး ဝယ္လိုက္ေတာ့ ပံုမွန္ထက္ ကုန္က်သက္သာတာေပါ့။ ဒါေပမဲ့တစ္ခုရွိတာက တန္တယ္ဆိုတိုင္း quality ေသခ်ာမၾကည့္ဘဲ ဝယ္လိုက္ရင္ေတာ့ ပလံုေပါ့ေလ…
၈။ ေဈးမသြားခင္ ေဈးဝယ္စာရင္း ျပဳစုပါ။
အိမြန္ဆို ခဏခဏျဖစ္တယ္ တစ္ေယာက္တည္း ေစ်းသြားလို႕ပဲျဖစ္ျဖစ္ shopping center သြားတဲ့အခါျဖစ္ျဖစ္ ဝယ္ခ်င္တာ ဝယ္ခ်လိုက္တာပဲ။ စာရင္းေသခ်ာမျပဳစုဘဲ ဝယ္ခ်င္ရာဝယ္ အိမ္ျပန္ေရာက္ေတာ့လည္း ေဈးစာရင္းမတြက္ဘဲ ထားလိုက္ျပန္ေရာ ။ ဒီလုိေတြဆိုေတာ့ အိတ္ထဲကပိုက္ဆံေလးေတြက ထြက္ကုန္ေရာေပါ့။ ဒါေၾကာင့္ ေဈးမဝယ္ခင္ စာရင္းျပဳစုၿပီး ဝယ္ၿပီးတဲ့အခါမွာလည္း စာရင္းတြက္ပါလို႕။
၉။ သူငယ္ခ်င္းေတြနဲ႕ ေလွ်ာက္လည္တဲ့အခါ အကုန္အက်သက္သာၿပီး အက်ိဳးရွိတာေလးေတြလုပ္ပါ
သူငယ္ခ်င္းေတြနဲ႕ေလွ်ာက္လည္ၾကတဲ့အခါ ပိုက္ဆံကုန္တဲ့ေနရာေတြ ေလွ်ာက္လည္မယ့္အစား ဝင္ေၾကးအခမဲ့ ေဟာေျပာပြဲေတြ လိုက္နားေထာင္တာမ်ိဳး ၊ စာအုပ္တန္းသြားၿပီး စာအုပ္ေရြးတာမ်ိဳး ၊ ျပတိုက္ကို သြားၾကည့္တာမ်ိဳးက ဗဟုသုတလည္းရ အကုန္အက်လည္း သက္သာ ေပ်ာ္ရႊင္စရာေလးေတြျဖစ္ေစမယ္လို႔ သူငယ္ခ်င္းေတြကို တိုက္တြန္းေပါ့။ ဒါကလည္း စိတ္တူကိုယ္တူသူငယ္ခ်င္းနဲ႕မွ အဆင္ေျပႏိုင္မယ္ ထင္တယ္ေနာ္။
အေပၚက အိမြန္ေျပာသြားတဲ့ အခ်က္ေလးေတြအတိုင္း စမ္းၾကည့္မယ္ဆိုရင္ ေယာင္းတုိ႕ရဲ႕ ပိုက္ပိုက္ေလးေတြကို ေန႕စဥ္ စုမိရာ ေရာက္မွာပါ ေယာင္းတို႕ေရ…
Credit: Ei Mon (For Her Myanmar)
#Unicode Version#
new year ညရောက်တိုင်း ကိုယ်တွေတောင်းလေ့ရှိတဲ့ ဆုက ပိုက်ဆံများများရှာနိုင်ပြီး စုမိနိုင်ပါစေပေါ့ ။ ဒါပေမဲ့ တကယ်တမ်း ဝယ်ချင် စားချင် ဝတ်ချင် ဆိုတဲ့ ချင် ၃ ချင် စုလာတဲ့အခါ ကိုယ့်ရဲ့ ဆုတောင်းလေးက လေထဲလွင့်ပါသွား ဖြစ်ဖြစ်သွားတယ်။ ယောင်းတို့ထဲမှာလည်း ငါတော့ ပိုက်ဆံလေး ဘာလေးစုဦးမှ ဆိုပြီး တွေးနေတဲ့လူတွေလည်း ရှိမှာပါ။ အတွေးပဲရှိပြီး လက်တွေ့အကောင်အထည်ဖော်လို့ မရလောက်အောင် လကုန်ရင် လက်ထဲမှာ သားရေကွင်းပဲ ကျန်တော့တဲ့လူတွေလည်း ရှိမှာပေါ့။ ငယ်ငယ်ကတော့ ရသမျှမုန့်ဖိုးလေးတွေကို စုဗူးလေးထဲ ပြေးပြေးထည့်ပေမဲ့ အခုအချိန်မှာ စုဗူးမပြောနဲ့ ပိုက်ဆံအိတ်ထဲမှာတောင် ပြောင်လို့။ ဒီတော့ အိမွန်က နေ့တိုင်း နေ့တိုင်းမှာ ပိုက်ဆံစုနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ဝေမျှပေးမယ်နော်…
၁။ ခရီးစဉ်တစ်ကြောင်းသွားမယ်ဆိုရင် YBS ဘယ်လိုစီးမယ်ဆိုတာ နှစ်ခါလောက် စဉ်းစားပါ
တစ်နေရာရာကို ချိန်းပြီလို့ ဆိုလိုက်ရင် အဲဒီကို ရောက်တဲ့ လိုင်းကားဘယ်လိုစီးရမယ် ဆိုတာ သေချာလေ့လာလိုက်ပါ။ အဲဒီနေ့ကျမှ မေးမြန်းပြီး စီးလိုက်မယ်တော့ မလုပ်နဲ့နော်.. တက္ကစီနဲ့ ညားဝါးမေ :3 Google Map မှာ တည်နေရာလမ်းကြောင်းရှာပြီး YBS လမ်းကြောင်းကို နှစ်ခါလောက် သေချာကြည့်ရမယ်။ ကားမှားစီးမိတာမျိုး ဖြစ်သွားရင် တက္ကစီနဲ့ ဒိုးလိုက်ရတော့ ပိုက်ဆံကုန်တာပေါ့။ တစ်ဆင့်တည်းနဲ့ရောက်တဲ့နေရာမျိုးကို သုံးဆင့်လောက်ပတ်စီးမိလိုက်လို့ ကုန်ကျငွေလည်း မရှိတော့ဘူးပေါ့။
၂။ ညစာကို ကိုယ်တိုင်ချက်ပြုတ်စားပါ
မိဘတွေနဲ့ အတူနေသူတွေအတွက်က ဗိုက်ဆာရင် အိမ်က ဟင်းအိုးတွေကို လှန်လှော စားသောက်လို့ ရပေမဲ့ မိဘနဲ့ဝေးနေရသူတွေအတွက် အပြင်ဆိုင်တွေကသာ အမေ့အိမ်ပါပဲ။ ရုံးကနေပြန်လာတဲ့အခါ မောမောပန်းပန်းနဲ့ မချက်ချင်တော့တဲ့အတွက် ညစာကို အပြင်ကနေဝယ်စားတာများပါတယ်။ ပင်ပန်းတာ သက်သာတယ်ဆိုပေမဲ့ ကိုယ့်စိတ်ကြိုက် ချက်စားတာလောက်တော့ သန့်ရှင်းမှု မရှိသလို တန်လည်း မတန်ပါဘူး။ အိမ်မှာ ညဘက်ချက်စားတော့ အကုန်အကျ သက်သာသလို နောက်တစ်နေ့ ရုံးသွားတဲ့ အခါ ထမင်းချိုင့်ထည့်စရာ အဆင်သင့် ဖြစ်သွားတာပေါ့။
၃။ ဆေးကြောပြီး ပြန်သုံးလို့ရတဲ့ ရေဘူး ဝယ်ထားပါ
ရေဆာလာတဲ့အခါ ရေသန့်တစ်ဘူးပေးပါ ဆိုပြီး အလွယ်လေးမှာတတ်တဲ့လူဆိုရင်တော့ ဒီနေ့ကစပြီး အဲဒီအကျင့်လေး ဖျောက်နော်။ အိမွန်လို သွားလေရာ ရေဘူး သယ်မသွားချင်တဲ့ လူမျိုးကတော့ ဆိုင်တွေ့တာနဲ့ ရေသန့် ပြေးဝယ် သောက်လိုက်တာပဲ။ အဲဒီတော့ အိမ်ကနေ ဆေးကြောပြီး ပြန်သုံးလို့ရတဲ့ ရေသန့်ဘူးသာ သယ်သွားခဲ့ရင် ဒီလို တစ်ခါသုံးရေသန့်ဘူးတွေအတွက် အပိုငွေ သက်သာမှာ အမှန်ပါပဲ။
၄။ ဘားမသွားခင် အိမ်က နည်းနည်း သောက်သွားပါ
ဒါမျိုးက အထူးသဖြင့် ယောကျ်ားလေးတွေမှာ ဖြစ်တတ်ပါတယ်။ စားသောက်ဆိုင်သွားမယ်၊ သောက်မယ် ။ သူငယ်ချင်းတွေနဲ့ အလုပ်သဘောအရ တွေ့မယ် သောက်မယ် ပွားမယ်။ ဒီလိုဆိုတော့ ဘားမှာ ပိုက်ဆံအကုန်ခံပြီး အများကြီးသောက်မယ့်အစား ဘားမသွားခင် အိမ်ကနေ နည်းနည်း သောက်သွားပါ။ ဘားရောက်တော့ အလှသောက်ပြီး ပိုက်ဆံခြွေတာပေါ့နော်။ ရတယ် အိမ်ကနေ သောက်စရာမလိုဘူးဆိုလည်း ဟိုရောက်တော့ စိတ်ထိန်းနိုင်အောင် ကြိုးစားပေါ့….
Related Article >>> ပြတ်တုန်းလပ်တုန်း (၂၃)နဲ့ ဝေးအောင် အထာကျကျ ပိုက်ဆံစုနည်း (၅)နည်း
၅။ မီးချောင်းတွေ air-con တွေပိတ်ဖို့ အမြဲတမ်း သတိရပါ
ဒါလေးတွေက သေးသေးမွှားမွှား ကုန်ကျငွေလို့ ထင်ရပေမဲ့ တကယ်တမ်း လကုန်လို့ ကုန်စရာတွေ များလာချိန်မှာ မီတာခတောင်းခံတဲ့ စာရွက်ကိုလည်း မြင်ရော မျက်လုံးတွေ ပြူးသွားရတာမျိုး မဖြစ်ဖို့ လိုပါတယ်။ အိမ်ကနေ အခန်းထဲကနေ အပြင်ထွက်ဖို့ ကြံတိုင်း မီးပိတ်ဖို့မမေ့ပါနဲ့။
၆။ အသုံးမလိုတော့တဲ့ ပစ္စည်းတွေတင်ရောင်းပါ
ကိုယ့်အတွက် အသုံးလည်းမလိုတော့ဘူး ဒါပေမဲ့ အကောင်းအတိုင်းလည်း ရှိနေသေးတယ်ဆိုတဲ့ ပစ္စည်းတွေကို ပြန်ရောင်းပစ်ပါ။ ခုဆို Facebook မှာလည်း Group တွေပေါတယ်လေ.. အဲဒီ Group တွေမှာ တင်ပြီး ရောင်းသူ ၊ ဝယ်သူချိတ်ဆက်လိုက်ရင် အိတ်ထဲမှာ အပိုဝင်ငွေရတာပေါ့ ဟုတ်ဘူးလား?
၇။ discount ချတဲ့အချိန်ပြေးဝယ်ပါ
ကုန်တိုက်တွေမှာ ဆိုရင် အခါကြီး ရက်ကြီးနား နီးတဲ့အခါ သီတင်းကျွတ် ၊ တန်ဆောင်တိုင် ၊ သြင်္ကန် ဒီလိုအချိန်တွေမှာ sales တွေက ရှယ်ချတာနော်။ ဒီလိုအချိန်မှာ ကိုယ်ဝယ်ချင်တာကို စာရင်းလေးကြိုလုပ်ထားပြီး ဝယ်လိုက်တော့ ပုံမှန်ထက် ကုန်ကျသက်သာတာပေါ့။ ဒါပေမဲ့တစ်ခုရှိတာက တန်တယ်ဆိုတိုင်း quality သေချာမကြည့်ဘဲ ဝယ်လိုက်ရင်တော့ ပလုံပေါ့လေ…
၈။ ဈေးမသွားခင် ဈေးဝယ်စာရင်း ပြုစုပါ။
အိမွန်ဆို ခဏခဏဖြစ်တယ် တစ်ယောက်တည်း ဈေးသွားလို့ပဲဖြစ်ဖြစ် shopping center သွားတဲ့အခါဖြစ်ဖြစ် ဝယ်ချင်တာ ဝယ်ချလိုက်တာပဲ။ စာရင်းသေချာမပြုစုဘဲ ဝယ်ချင်ရာဝယ် အိမ်ပြန်ရောက်တော့လည်း ဈေးစာရင်းမတွက်ဘဲ ထားလိုက်ပြန်ရော ။ ဒီလိုတွေဆိုတော့ အိတ်ထဲကပိုက်ဆံလေးတွေက ထွက်ကုန်ရောပေါ့။ ဒါကြောင့် ဈေးမဝယ်ခင် စာရင်းပြုစုပြီး ဝယ်ပြီးတဲ့အခါမှာလည်း စာရင်းတွက်ပါလို့။
၉။ သူငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့အခါ အကုန်အကျသက်သာပြီး အကျိုးရှိတာလေးတွေလုပ်ပါ
သူငယ်ချင်းတွေနဲ့လျှောက်လည်ကြတဲ့အခါ ပိုက်ဆံကုန်တဲ့နေရာတွေ လျှောက်လည်မယ့်အစား ဝင်ကြေးအခမဲ့ ဟောပြောပွဲတွေ လိုက်နားထောင်တာမျိုး ၊ စာအုပ်တန်းသွားပြီး စာအုပ်ရွေးတာမျိုး ၊ ပြတိုက်ကို သွားကြည့်တာမျိုးက ဗဟုသုတလည်းရ အကုန်အကျလည်း သက်သာ ပျော်ရွှင်စရာလေးတွေဖြစ်စေမယ်လို့ သူငယ်ချင်းတွေကို တိုက်တွန်းပေါ့။ ဒါကလည်း စိတ်တူကိုယ်တူသူငယ်ချင်းနဲ့မှ အဆင်ပြေနိုင်မယ် ထင်တယ်နော်။
အပေါ်က အိမွန်ပြောသွားတဲ့ အချက်လေးတွေအတိုင်း စမ်းကြည့်မယ်ဆိုရင် ယောင်းတို့ရဲ့ ပိုက်ပိုက်လေးတွေကို နေ့စဉ် စုမိရာ ရောက်မှာပါ ယောင်းတို့ရေ…
Credit: Ei Mon (For Her Myanmar)

Comments

Popular posts from this blog

 () 

  Oppo Realme 2