သုံးခြၿမိဳ႕နယ္ ပင္လယ္ျပင္ထဲ ေရာက္ရွိေနတဲ့ လူတစ္ေယာက္မွမပါတဲ့ သေဘၤာႀကီး

သုံးခြၿမိဳ႕နယ္ ပင္လယ္ျပင္ထဲ ေရာက္ရွိေနတဲ့ လူတစ္ေယာက္မွမပါတဲ့ သေဘၤာႀကီး


သုံးခြၿမိဳ႕နယ္ ပင္လယ္ျပင္ထဲ ေရာက္ရွိေနတဲ့ လူတစ္ေယာက္မွမပါတဲ့ သေဘၤာႀကီး
ရန္ကုန္တိုင္းေဒသႀကီး၊ သုံးခြၿမိဳ႕နယ္ႏွင့္ ထိစပ္လွ်က္ရွိသည့္ ျမန္မာ့ပင္လယ္ျပင္ပိုင္နက္တြင္ ျပည္ပႏိုင္ငံတစ္ခု၏ ပိုင္ရွင္မဲ့ကုန္တင္သေဘၤာႀကီးေရာက္ရွိေနမႈႏွင့္ ပတ္သက္၍ တပ္မေတာ္၊ ရဲတပ္ဖြဲ႕ႏွင့္ အေထြေထြအုပ္ခ်ဳပ္ေရးအ ဖြဲ႕မ်ားက အနီးကပ္ေစာင့္ၾကည့္မႈမ်ားျပဳလုပ္ေနေၾကာင္း သုံးခြမဲဆႏၵနယ္အမွတ္(၁)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ ကုိယ္စားလွယ္ဦးေန၀င္းက ေျပာၾကားသည္။
“အဲ့ဒီသေဘၤာႀကီးက မေန႔ကညေနပိုင္းေလာက္မွာေရာက္လာတာ။အဲ့ဒိအတြက္ ဒီသေဘၤာႀကီးထဲမွာဘာေတြပါ တယ္။ ဘယ္သူေတြရွိသလဲ။ဘာေၾကာင့္ေရာက္လာလဲဆိုတဲ့ အေျခအေနေတြကို သုံးခြမွာရွိတဲ့ နယ္ေျမခံတပ္ရင္း ၊ တပ္ဖြဲ႕ေတြ၊နယ္ေျမခံရဲတပ္ဖြဲ႕ေတြနဲ႔ စစ္ဘက္ေရးရာ လုံၿခဳံေရး၊အေထြေထြအုပ္ခ်ဳပ္ေရးအဖြဲ႕ေတြကို သြားၿပီးေစာင့္ၾကည့္ေနက်ပါတယ္”ဟုသုံးခြမဲဆႏၵနယ္အမွတ္(၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေန ၀င္းက ေျပာၾကားသည္။
အဆိုပါ ျမန္မာ့ပင္လယ္ျပင္သုိ႔ေရာက္ရွိေနသည့္ ပိုင္ရွင္မဲ့ ကုန္တင္ႀကီး သုံခြၿမိဳ႕နယ္၊ သမစိတၱေက်းရြာမွေရမိုင္ ၇မိုင္ခန္႔အကြာတြင္ေရာက္ရွိေနျခင္းၿပီး ၂၈ရက္ေန႔ကတည္းက ေရလုပ္သားေတြက ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။ ယေန႔မနက္ ၆နာရီခန္႔တြင္ တပ္မေတာ္ေရမွ ဦးေဆာင္၍ အျခားတာ၀န္ရွိသူမ်ားႏွင့္ သြားေရာက္စစ္ေဆးရာ သေဘၤာေပၚတြင္ လူရွစ္ဦးေတြ႔ရွိသည္။
ထုိလူရွစ္ဦးအား စစ္ေဆးရာ သေဘၤာသားမ်ားမဟုတ္ပဲ ပစၥည္းတက္ခုိးသူမ်ားျဖစ္သျဖင့္ ဖမ္းဆီးထိမ္းသိမ္ထားၿပီး သေဘၤာကိုဆက္လက္စစ္ေဆးရာ သေဘၤာသားတစ္ေယာက္မွမရွိေတာ့ပဲ ၊ ဓာတုပစၥည္းမ်ား တင္ေဆာင္လာသည့္ သေဘၤာျဖစ္သည္ ဟု သိရသည္။ သေဘၤာသည္ ေသာင္တင္ေနသကဲ့သုိ႔ျဖစ္ကာ ခါးက်ဳိးေနပုံရၿပီး အေနာက္ပုိင္းနိမ့္ဆင္းေနေၾကာင္း သိရသည္။
သေဘၤာကုိယ္ထည္တြင္ေတာ့ SAM RATULANGI PB 1600 ဟု ေရးထားသည္။ ထုိနာမည္ႏွင့္ အင္တာနက္တြင္ ရွာၾကည့္သည့္အခါ mtelegraph ၀ဘ္ဆုိဒ္တြင္ ေအာက္ပါအတုိင္းအ ခ်က္အလက္မ်ားကုိေတြ႔ရွိရသည္။
IMO number – 9151981
သေဘၤာအမည္- SAM RATULANGI PB 1600
သေဘၤာအမ်ဳိးအစား – ကုန္တင္သေဘၤာ
Gross tonnage – ၁၈၂၄၇တန္ ( Gross tonnage ဆုိတာ သေဘၤာအျပင္က သံထည္အခြံ (Shell and Deck plating) ေတြ မပါဘဲ သေဘၤာအတြင္းမွာ ရိွတဲ့ အလံုပိတ္ေနရာေတြရဲ ့ ထုထည္ကို ေခၚတာပါ)
တင္ေဆာင္ႏုိင္သည့္ ၀န္ပမာဏ – ၂၆၅၁၀ တန္
တည္ေဆာက္သည့္ – ၂၀၀၁ခုႏွစ္
တည္ေဆာက္သည့္ သေဘၤာက်င္း – PAL INDONESIA PERWAKILAN
ပင္မဆိပ္ကမ္း – ဂ်ာကာတာ
မန္ေနဂ်ာ – Djakarta Lloyd ၊ ဂ်ာကာတာ ၊ အင္ဒုိနီးရွား
ပုိင္ရွင္ – အင္ဒုိနီးရွား ဂ်ာကာတာ အစုိးရ
ဘာေၾကာင့္ အင္ဒုိနီးရွားသေဘၤာႀကီးဟာ ျမန္မာ့ေရပုိင္နက္ထဲ လူတစ္ေယာက္မွမရွိပဲ ေရာက္ရွိေနရပါသလဲ ၊ သက္တမ္း ၁၇ႏွစ္ရွိၿပီျဖစ္သျဖင့္ သက္တမ္းကုန္၍ ဆက္လက္လုပ္ေဆာင္ႏုိင္စြမ္းမရွိေတာ့သည့္အျပင္ သေဘၤာဖ်က္ခအကုန္မခံႏုိင္သည့္အတြက္ စြန္႔ပစ္ျခင္းေပေလာ ၊ တျခားမည္သည့္ အေၾကာင္းေၾကာင့္ လဲဆုိတာကိုေတာ့ အေသအခ်ာစစ္ေဆးၿပီးမွ သိရွိရမွာျဖစ္ပါတယ္။
ၾသဂုတ္ ၃၀၊ ကိုလူသစ္ ၊ Kyaw Zin Hein
Photo : Khin Mgaye FB ၊
——————–
သုံးခွမြို့နယ် ပင်လယ်ပြင်ထဲ ရောက်ရှိနေတဲ့ လူတစ်ယောက်မှမပါတဲ့ သင်္ဘောကြီး (unicode)
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်နှင့် ထိစပ်လျှက်ရှိသည့် မြန်မာ့ပင်လယ်ပြင်ပိုင်နက်တွင် ပြည်ပနိုင်ငံတစ်ခု၏ ပိုင်ရှင်မဲ့ကုန်တင်သင်္ဘောကြီးရောက်ရှိနေမှုနှင့် ပတ်သက်၍ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးအ ဖွဲ့များက အနီးကပ်စောင့်ကြည့်မှုများပြုလုပ်နေကြောင်း သုံးခွမဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးနေဝင်းက ပြောကြားသည်။
“အဲ့ဒီသင်္ဘောကြီးက မနေ့ကညနေပိုင်းလောက်မှာရောက်လာတာ။အဲ့ဒိအတွက် ဒီသင်္ဘောကြီးထဲမှာဘာတွေပါ တယ်။ ဘယ်သူတွေရှိသလဲ။ဘာကြောင့်ရောက်လာလဲဆိုတဲ့ အခြေအနေတွေကို သုံးခွမှာရှိတဲ့ နယ်မြေခံတပ်ရင်း ၊
တပ်ဖွဲ့တွေ၊နယ်မြေခံရဲတပ်ဖွဲ့တွေနဲ့ စစ်ဘက်ရေးရာ လုံခြုံရေး၊အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေကို သွားပြီးစောင့်ကြည့်နေကျပါတယ်”ဟုသုံးခွမဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေ ဝင်းက ပြောကြားသည်။
အဆိုပါ မြန်မာ့ပင်လယ်ပြင်သို့ရောက်ရှိနေသည့် ပိုင်ရှင်မဲ့ ကုန်တင်ကြီး သုံခွမြို့နယ်၊ သမစိတ္တကျေးရွာမှရေမိုင် ၇မိုင်ခန့်အကွာတွင်ရောက်ရှိနေခြင်းပြီး ၂၈ရက်နေ့ကတည်းက ရေလုပ်သားတွေက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယနေ့မနက် ၆နာရီခန့်တွင် တပ်မတော်ရေမှ ဦးဆောင်၍ အခြားတာဝန်ရှိသူများနှင့် သွားရောက်စစ်ဆေးရာ သင်္ဘောပေါ်တွင် လူရှစ်ဦးတွေ့ရှိသည်။
ထိုလူရှစ်ဦးအား စစ်ဆေးရာ သင်္ဘောသားများမဟုတ်ပဲ ပစ္စည်းတက်ခိုးသူများဖြစ်သဖြင့် ဖမ်းဆီးထိမ်းသိမ်ထားပြီး သင်္ဘောကိုဆက်လက်စစ်ဆေးရာ သင်္ဘောသားတစ်ယောက်မှမရှိတော့ပဲ ၊ ဓာတုပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောဖြစ်သည် ဟု သိရသည်။ သင်္ဘောသည် သောင်တင်နေသကဲ့သို့ဖြစ်ကာ ခါးကျိုးနေပုံရပြီး အနောက်ပိုင်းနိမ့်ဆင်းနေကြောင်း သိရသည်။
သင်္ဘောကိုယ်ထည်တွင်တော့ SAM RATULANGI PB 1600 ဟု ရေးထားသည်။ ထိုနာမည်နှင့် အင်တာနက်တွင် ရှာကြည့်သည့်အခါ mtelegraph ဝဘ်ဆိုဒ်တွင် အောက်ပါအတိုင်းအ ချက်အလက်များကိုတွေ့ရှိရသည်။
IMO number – 9151981
သင်္ဘောအမည်- SAM RATULANGI PB 1600
သင်္ဘောအမျိုးအစား – ကုန်တင်သင်္ဘော
Gross tonnage – ၁၈၂၄၇တန် ( Gross tonnage ဆိုတာ သင်္ဘောအပြင်က သံထည်အခွံ (Shell and Deck plating) တွေ မပါဘဲ သင်္ဘောအတွင်းမှာ ရှိတဲ့ အလုံပိတ်နေရာတွေရဲ့ ထုထည်ကို ခေါ်တာပါ)
တင်ဆောင်နိုင်သည့် ဝန်ပမာဏ – ၂၆၅၁၀ တန်
တည်ဆောက်သည့် – ၂၀၀၁ခုနှစ်
တည်ဆောက်သည့် သင်္ဘောကျင်း – PAL INDONESIA PERWAKILAN
ပင်မဆိပ်ကမ်း – ဂျာကာတာ
မန်နေဂျာ – Djakarta Lloyd ၊ ဂျာကာတာ ၊ အင်ဒိုနီးရှား
ပိုင်ရှင် – အင်ဒိုနီးရှား ဂျာကာတာ အစိုးရ
ဘာကြောင့် အင်ဒိုနီးရှားသင်္ဘောကြီးဟာ မြန်မာ့ရေပိုင်နက်ထဲ လူတစ်ယောက်မှမရှိပဲ ရောက်ရှိနေရပါသလဲ ၊ သက်တမ်း ၁၇နှစ်ရှိပြီဖြစ်သဖြင့် သက်တမ်းကုန်၍ ဆက်လက်လုပ်ဆောင်နိုင်စွမ်းမရှိတော့သည့်အပြင် သင်္ဘောဖျက်ခအကုန်မခံနိုင်သည့်အတွက် စွန့်ပစ်ခြင်းပေလော ၊ တခြားမည်သည့် အကြောင်းကြောင့် လဲဆိုတာကိုတော့ အသေအချာစစ်ဆေးပြီးမှ သိရှိရမှာဖြစ်ပါတယ်။
ဩဂုတ် ၃၀၊ ကိုလူသစ် ၊ Kyaw Zin Hein
Photo : Khin Mgaye FB ၊
Credit

Comments

Popular posts from this blog

 () 

  Oppo Realme 2