ရွှေထူး သီချင်းကို ဂစ်တာတစ်လက်နဲ့ ဆိုသွားတဲ့ ဗီယက်နမ် ကောင်လေး (၂) ယောက်ရဲ့ အံ့အားသင့်ဖွယ် စကေး


ဝိုး…..တကယ်ကိုတော်လိုက်တာနော်။ မြန်မာနိုင်ငံရဲ့ နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ အဆိုတော် ရွှေထူးရဲ့သီချင်းကို ဗီယက်နမ်နိုင်ငံက ကောင်လေး နှစ်ယောက်က သီဆိုထားတာဖြစ်ပါတယ်။ နာမည်ကြီးသီချင်းတစ်ပုဒ် ဖြစ်တဲ့ တံခါးဖွင့်ထားပါတယ် ဆိုတဲ့သီချင်းကို ဂစ်တာတစ်လက်နဲ့ မြန်မာလို မပီကလာ၊ ပီကလာလေးနဲ့သီဆိုသွားတာဖြစ်ပါတယ်။
ဒီသီချင်းလေးဟာ မြန်မာနိုင်ငံကလူငယ်ပရိသတ်တွေကြား အရမ်းကို ပေါက်ခဲ့ပြီး ယခုလို နိုင်ငံရပ်ခြားမှာရှိနေတဲ့ ပရိသတ်တွေပါ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ရွှေထူးကိုယ်တိုင် တွေးမိခဲ့မှာမဟုတ်ပါဘူး။
ဒါပေမယ့်လည်း ယနေ့မှာတော့ ထိုဗီယက်နမ် ကောင်လေးနှစ်ယောက်ရဲ့ တံခါးဖွင့်ထားပါတယ်သီချင်းကို မြန်မာပြည်က ပရိသတ်တွေနားထောင်ပြီး သဘောကျနေကြတာကိုလည်း တွေ့ရပါတယ်။
အထူးသဖြင့် မြန်မာစကားမပြောတတ်ပေမယ့်လည်း တတ်နိုင်သလောက် မြန်မာလို ရအောင် သီဆိုထားပုံက သိပ်ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ ဗီယက်နမ်ကောင်လေး နှစ်ယောက်ရဲ့ တံခါးဖွင့်ထားပါတယ် သီချင်းကို ပရိသတ်တွေလည်းနားထောင်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။We Love Cele
Video Source-Si Phyo

Comments

Popular posts from this blog

 () 

ooredoo package  data 

  Oppo Realme 2