MMA
အောင်လအန်ဆန်၏ MMA ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့်ရက်ကို ထုတ်ပြန်ကြေညာ
အာရှတွင် အကြီးမားဆုံးနှင့် အ အောင် မြင်ဆုံး MMA ပြိုင်ပွဲများကို ကျင်းပနေသည့် One Championship အဖွဲ့က ၂၀၁၈ခုနှစ်အတွက် မြန်မာနိုင်ငံ တွင် ဒုတိမြောက်MMAပြိုင်ပွဲအဖြစ် လာ မည့် အောက်တိုဘာလ ၂၆ ရက်တွင် ရန် ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံ အားကစား ရုံ၌ ကျင်းပသွားရန် ထုတ်ပြန်ထားပြီး ထိုပြိုင်ပွဲတွင် အောင်လအန်ဆန်က မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထပ်မံထိုးသတ်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ယခင်ကအဆိုပါ MMA ပြိုင်ပွဲကြီး ကို စက်တင်ဘာလ ၁ရက် တွင် ကျင်းပ သွားရန် One Championshipအဖွဲ့က ထုတ်ပြန်ထားခဲ့သော်လည်း ကွင်းရုံနေရာ အခက်အခဲကြောင့် အောက်တိုဘာလသို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ယခုနှစ်အတွင်း ဝိတ်တန်းနှစ်ခု စလုံး၏ ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲထိုး သတ်သွားမည် ဖြစ်ကြောင်းပြောဆိုထားခဲ့ သော အောင်လအန်ဆန်သည် လာမည့်ပွဲ တွင်လည်း မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲထပ်မံထိုးသတ်သွား မည်ဖြစ် ကြောင်းနှင့် ထိုပွဲအတွက် ဖရော်ရီဒါတွင် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း အောင် လအန်ဆန်က ပြောဆိုထားသည်။

One Championship အဖွဲ့၏ လိုက်ဟဲဗီးဝိတ် နှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ် နှစ်ခုကို ရယူထားနိုင်ခဲ့သော အောင်လ အန်ဆန်သည် ပထမဆုံး ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် ပြီးခဲ့သော ဇွန်လ ၂၉ရက်က မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီ ယံကာပွဲကို ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ထိုပွဲတွင် အောင်လအန်ဆန်သည် စိန် ခေါ်သူ ဂျပန် MMA ချန်ပီယံ ဟစဲဂါဝါကို နောက်ဆုံး အချီ(ငါးချီ)၌ အလဲထိုး အနိုင်ယူ၍ ချန်ပီယံခါးပတ်ကို ကာကွယ် နိုင်ခဲ့သည်။
လာမည့်အောက်တိုဘာပွဲအတွက် One Championship အဖွဲ့က အဓိကတွဲ ဆိုင်းအတွက် ထုတ်ပြန်ထားခြင်းမရှိ သေးသည့်အတွက် အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည့်ပြိုင်ဘက်ကို အတည်မပြုနိုင်သေးသော်လည်း ဘရာဇီး နိုင်ငံသား လီအန်ဒရိုက စိန်ခေါ်ထိုးသတ် ရန် ဖြစ်နိုင်ခြေအများဆုံး ဖြစ်နိုင်ကြောင်း အောင်လအန်ဆန်က ပြောဆိုထားဖူး သည်။ ဘရာဇီးဂျူဂျစ်ဆုကမ္ဘာ့ချန်ပီယံ ငါးကြိမ်ရထားသူ လီအန်ဒရိုသည် အောင် လအန်ဆန်၏ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ပထမဆုံးစိန်ခေါ်ထိုးသတ်ခွင့် ရရှိခဲ့သူဖြစ်ကာ ပြီးခဲ့သော ဇွန်လ ၂၉ရက် ပွဲစဉ်က လေ့ကျင့်ရင်း ဒဏ်ရာ ရရှိခဲ့ သောကြောင့် ထိုပွဲစဉ်ကို လွဲချော်ခဲ့ရခြင်း ဖြစ်သည်။
လီအန်ဒရိုသည် ချန်ပီယံ ဟောင်း ရုရှားလက်ဝှေ့သမား ဗစ်တာလီ ဘစ်ဒက်ရှ်ကို အလဲထိုးအနိုင်ယူ၍ ကမ္ဘာ့ ချန်ပီယံ ခါးပတ်ကို စိန်ခေါ်ထိုးသတ်ခွင့် ရရှိထားသူဖြစ်သည်။ အောင်လအန်ဆန် သည် ဘစ်ဒက်ရှ်ထံမှ မစ်ဒယ်ဝိတ်ကမ္ဘာ့ ချန်ပီယံ ခါးပတ်ကို ရယူခဲ့စဉ်က နှစ်ကြိမ် တိုင်စိန်ခေါ်ထိုးသတ်ခဲ့ရပြီး ဒုတိယအ ကြိမ်မှအမှတ်ဖြင့် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ် သည်။
crd မိုင်းစောလွင်

Comments
Post a Comment