နှစ်ဖက် မိဘတွေ ဆွေမျိုးတွေ လိုအပ်တဲ့အချိန် ကူညီ ထောက်ပံ့ဖို့ အစီအစဉ် အတွက် မင်္ဂလာပွဲ မပြုလုပ်ခင်ကတည်းက နှစ်ဦး သဘောတူ ဆွေးနွေးထားရမှာပါ။ #MarrybyDuwun

နှစ်ဖက် မိဘတွေ ဆွေမျိုးတွေ လိုအပ်တဲ့အချိန် ကူညီ ထောက်ပံ့ဖို့ အစီအစဉ် အတွက် မင်္ဂလာပွဲ မပြုလုပ်ခင်ကတည်းက နှစ်ဦး သဘောတူ ဆွေးနွေးထားရမှာပါ။
အချိန်တွေတိုင်း ကြည်နူးခြင်းတွေနဲ့ ဖြတ်သန်းမယ် ( Photo : hiveminer )
Marry ရဲ့ မောင်နှံတို့ရေ ဒီတစ်ခါ Marry ပြောပြပေးချင်တာကတော့ အိမ်ထောင်ရေးလေးမှာ ရှိတတ်တဲ့ သဘောတရားလေး တစ်ခု အကြောင်းပါ။ အိမ်ထောင်ရေးရယ်လို့ ဖြစ်လာရင် ဘဝရဲ့ အရာတိုင်း ကိုယ့်ရဲ့ အရာတိုင်းက သူကိစ္စ၊ သူ့ရဲ့ အရာတိုင်းကလည်း ကိုယ့်ကိစ္စရယ်လို့ အကြမ်းဖျင်းယူဆလိုက်တတ်ပါတယ်။ ဒီလို အချိန်မှာ အချင်းချင်း အသိမပေးဘဲ ငွေစုထားတတ်တဲ့အကျင့်ကို အများစုက ပြုလုပ်တတ်ပါတယ်။ ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

အကြောင်းပြချက်က ဘာလဲ

သိပ်ချစ်တဲ့ ချစ်သူတွေမို့လို့ တစ်ဘဝလုံး အတူတူ ဖြတ်သန်းချင်လို့ နှစ်ယောက်သား အိမ်ထောင်ရေး လေးကို ထူထောင်လိုက်တာဖြစ်တဲ့အတွက် အချင်းချင်းကြားမှာ လျှို့ဝှက်ထားတဲ့ အရာတွေကို နည်းနိုင်သမျှ နည်းအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ အိမ်ထောင်ဖက် မသိအောင် ငွေကို တိတ်တိတ်လေး ကြိတ်ပြီး စုတယ် ဆိုတာကို သူ ပြန်သိသွားတဲ့အချိန်ကျရင် ဘာကြောင့် စုရတာလဲ ဆိုတဲ့ အကြောင်းပြချက်က သူ လက်ခံနိုင်တာမျိုး ဖြစ်ရမှာပါ။ မဟုတ်ရင်တော့ သာယာနေတဲ့ အိမ်ထောင်ရေးလေးကို အဟန့်အတား ဖြစ်စေနိုင်မှာမို့လို့ပါ။
သာယာတဲ့ အိမ်ထောင်ရေးလေးကို ရယူလိုက်ပါ ( Photo : hiveminer )

နှစ်ဖက်ဆွေမျိုး မိဘတွေကြောင့်လား

ဒီအချက်ကိုတော့ အိမ်ထောင်မပြုခင် အချိန်ကတည်းက သေချာ ရှင်းလင်းအောင် ပြုလုပ်ထားရမှာပဲ ဖြစ်ပါတယ်။ နှစ်ဖက် မိဘတွေ၊ ဆွေမျိုးတွေ လိုအပ်တဲ့အချိန် ကူညီ ထောက်ပံ့ဖို့ အစီအစဉ် အတွက် နှစ်ဦး သဘောတူ ဆွေးနွေးထားရမှာပါ။ အိမ်ထောင်ရေးမှာ ယောက်ျားက ဝင်ငွေတွေ အကုန်ကို မိန်းမ ဖြစ်သူကို အပ်တယ် ဆိုရင် ယောက်ျားဘက်က လိုတဲ့အချိန်မှာ မိန်းမ ဖြစ်သူက မပေးချင်တာမျိုးတွေ၊ မိန်းမ ဖြစ်သူကလည်း သူ့ဆွေမျိုးတွေကို ပေးကမ်းချင်တဲ့အချိန်မှာ ယောက်ျားပြန်သိရင် စိတ်ခုမှာစိုးလို့ နှစ်ယောက်သား ကိုယ့်အကြံနဲ့ ကိုယ် တိတ်တိတ်လေး ငွေစုတတ်တဲ့အကျင့်လေးတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်လို့ပါ။
Marry ရဲ့ မင်္ဂလာမောင်နှံလေးတို့လည်း ဒီလို အရာတွေ မဖြစ်ပေါ်လာအောင် အိမ်ထောင်ရေးလေးကို စတင်လိုက်မယ်လို့ တွေးလိုက်တဲ့အချိန်မှာ ဒီအချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ကြိုတင် တိုင်ပင်ထားဖို့ လိုအပ်ပါတယ် ဆိုတာကို Marry က တိုက်တွန်းပေးလိုက်ရပါတယ်။

crd marry.

Comments

Popular posts from this blog

 () 

  Oppo Realme 2