တိရစ္ဆာန်အသေကောင်တွေဆီမှရတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ လူတွေ နေ့စဉ်သုံးစွဲနေကြတဲ့ အရာ - ၆ မျိုး

တိရစ္ဆာန်အသေကောင်တွေဆီမှရတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ လူတွေ နေ့စဉ်သုံးစွဲနေကြတဲ့ အရာ – ၆ မျိုး


သင်နေ့စဉ်သုံးနေတဲ့ပစ္စည်းတွေက ဘာနဲ့လုပ်ထားလဲဆိုတာသိရင် သင်အံ့သြသွားလိမ့်မယ် ။
တချို့လူ့အစားအစာပစ္စည်းတွေ ဥပမာ နို့ ထောပတ် ဘာဂါ ဒါတွေကို တိရိစ္ဆာန်တွေရတဲ့အရာတွေနဲ့ပြုလုပ်ထားတယ်ဆိုတော့ ကျွန်တော်တို့သိတယ် ။ ဒါပေမယ့် အခုပြမယ့်အရာတွေကတော့ တိရိစ္ဆာန်တွေဆီမှရတဲ့အရာတွေနဲ့ပြုလုပ်ထားတဲ့အကြောင်းကို သင်တို့လုံးဝသတိမထားနိုင်လောက်တဲ့ ။ ပစ္စည်းတွေပါပဲ သင့်အကြိုက်ဆုံးပါနေရင်လည်း အသိပေးပါဦး ။
၆. တက်တူးမှင်
သင်တက်တူးထိုးတာကြိုက်ကြိုက် မကြိုက်ကြိုက် ။ တက်တူးအကြောင်းကိုတော့ ကြားဖူးမှာပါ ။ ဒီတက်တူးထိုးတဲ့မှင်ဟာ အခြားတော့မဟုတ်ပါဘူး တိရိစ္ဆာန်တွေရဲ့အရိုးပြာနေထုတ်ထားတာပဲဖြစ်တယ် ။ ဒါကြောင့်ပဲ မှင်က ကျုံ့နိုင်ဆံ့နိုင်စွမ်းရှိနေတာဖြစ်တယ် ။ ထို့အပြင် မှင်တာရှည်ခံဖို့ကိုလည်း တိရိစ္ဆာန်တွေရဲ့အဆီတွေကိုသုံးထားတင်မကသေးပါဘူး ။ အသားမှာ စွဲသွားစေဖို့အတွက်လည်း တိရိစ္ဆာန်ခွာမှရတဲံ ကော်ကိုသုံးတာဖြစ်ပါတယ်…..အံ့သြသွားလား ။
၅. ပီကေ
သင်ကတော့ ပီကေကိုရာဘာတုံးမှာ အချိုထည့်ထားတာပဲလို့ ထင်ချင်ထင်မှာပဲ ။ တကယ်တော့ အဲ့လိုမဟုတ်ဘူး ။ ပီကေမှာ Lanolin ဆိုတဲ့ ဒြပ်ပေါင်းတစ်ခုပါပြီးတော့ အဲ့ဒါကိုတော့ သိုးရဲ့အရေခွံက ဂလင်းတွေကရတာပဲဖြစ်တယ် ။ ဒီဒြပ်ပေါင်းဟာ သိုးမွှေးတွေကို ချောမွတ်ပျော့ပြောင်းစေအောင်ဖန်တီးပေးတဲ့ အရာပဲဖြစ်တယ် ။ ရှင်းရှင်းပြောရရင်တော့ Lanolin ဟာ သိုးရဲ့ချွေးပါပဲ ။ ဒီတော့ ပီကေဝါးနေခြင်းဟာ သိုးရဲ့ချွေးကို ဝါးနေခြင်းပဲပေါ့ ။
၎. ဘီယာ နဲ့ ဝိုင်
ဘီယာ ၊ ဝိုင်နဲ့ လိမ္မော်ရည်လိုအရာမျိုးတွေမှာ Isinglass လို့ခေါ်တဲ့ ပစ္စည်းတစ်ခုပါဝင်တယ် ။ အဲ့ဒါဟာ ငါးရဲ့စည်ပေါင်းကနေထုတ်ယူထားတာဖြစ်ပြီးတော့ဘီယာတွေ ဝိုင်တွေကို ကြည်လင်အောင်စစ်ဖို့သုံးပါတယ် ။ ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့ဘီယာဟာ အဝါရောင်ဖျော့ဖျော့နဲ့ကြည်နေတဲ့အရောင်အဆင်းလေးရှိနေတာဖြစ်ပါတယ် ။
၃. အဝတ်ပျော့ဆေး
အဝတ်ပျော့ဆေးတွေကတော့ သဘက်တွေကိုလျော်ဖွတ်တဲ့အခါမှာသုံးပါတယ် ။ ဒါတွေဟာ သဘက်တွေကို ပျော့ပျောင်းစေပြီးတော့ အနံ့လေးသင်းစေပါတယ် ။ ဒီပစ္စည်းတွေမှာ ပါဝင်တဲ့အရာကတော့ သိုး ၊ နွား နဲ့ မြင်းတွေဆီ ယူထားတဲ့ Tallow ဆိုတဲ့အဆီပါပဲ ။ ဒီတော့ ဒါတွေကို တောက်လျောက်သုံးစွဲနေမယ်ဆိုရင် သင့်အနားတစ်ဝိုက်မှာ တိရိစ္ဆာန်ဆီတွေ တဖြည်းဖြည်းစုပုံလာပါလိမ့်မယ် ။
၂. ကွန်ဒုံး
သွားတိုက်ဆေး ၊ ချိစ် ၊ သုတ်ဆေး နဲ့ ကော်တွေမှာ ပရိုတိန်းဓါတ်ပါဝင်ပါတယ် ။ ကွန်ဒုံးထုတ်လုပ်တဲ့နေရာမှာလည်း အစစ်အတိုင်းခံစားမှုပေးနိုင်စေဖို့ ပရိုတိန်းကို အသုံးပြုပါတယ် ။ သိတယ်မလား…ကွန်ဒုံးဝတ်ထားပေမယ့် မဝတ်ထားသလိုခံစားရတာမျိုးပေါ့ ။ ကွန်ဒုံးမှာပါဝင်တဲ့ပစ္စည်းကတော့ Casein ဖြစ်ပြီးတော့ နွားနို့ နဲ့ သိုးအူကနေရယူပါတယ် ။
၁. ငွေစက္ကူ
ပထမဆုံးပြောချင်က နိုင်ငံတိုင်းက ငွေစက္ကူတိုင်းကိုတော့ အခုလိုလုပ်ထားတယ်လို့မထင်နဲ့ပေါ့ ။ ဒါပေမယ့်များသောအားဖြင့်တော့ငွေစက္ကူလုပ်တဲ့နေရာမှာ Tallow (အပေါ်မှာပြောထားတယ်) ဆိုတဲ့ အဆီကို သုံးပါတယ် ။ ဘယ်နိုင်ငံတွေက အခုလိုမျိုးငွေစက္ကူထုတ်ဖို့အတွက် Tallow ဆီကိုသုံးစွဲနေလဲဆိုတာသင်သိချင်လား ။ ကနေဒါ ၊ ဗြိတိန် ၊ ချီလီ ၊ မက္ကဆီကို ၊ မလေးရှား နဲ့ သြစတေးသျအပါအဝင် နိုင်ငံအများအပြားမှာသုံးစွဲပြီးတော့ ငွေစက္ကူထုတ်လုပ်ပါတယ် ။
#crd Writer – Min Thu (Daily Hot News)

Comments

Popular posts from this blog

 () 

  Oppo Realme 2